တ႐ုတ္ တိရစာၦန္႐ံု မွာ က်ား၊ ေခြးအ၊ ျခေသၤ့နဲ႕ ေခြးေလးေတြ အတူတြဲ ေနထုိင္ၾသဂုတ္ - ၃၁ ၊၂၀၁၈ တ႐ုတ္ႏုိင္ငံက တိရစာၦန္႐ံု တစ္ခုမွာ က်ား၊ ျခေသၤ့၊ ေခြးအ အေကာင္ေပါက္ေလ

  • 6 years ago
တ႐ုတ္ တိရစာၦန္႐ံု မွာ က်ား၊ ေခြးအ၊ ျခေသၤ့နဲ႕ ေခြးေလးေတြ အတူတြဲ ေနထုိင္

ၾသဂုတ္ - ၃၁ ၊၂၀၁၈

တ႐ုတ္ႏုိင္ငံက တိရစာၦန္႐ံု တစ္ခုမွာ က်ား၊ ျခေသၤ့၊ ေခြးအ အေကာင္ေပါက္ေလးေတြနဲ႔ ေခြးေလးေတြၾကားက ရင္းႏွီးတဲ့ ဆက္ဆံေရးကို လာေရာက္ လည္ပတ္တဲ့ ဧည့္သည္ေတြ သေဘာက်ေနၾကပါတယ္။

ေဘဂ်င္း သား႐ိုင္းဥယ်ာဉ္ တိရစာၦန္႐ံုမွာ ရွိေနတဲ့ က်ား၊ ျခေသၤ့နဲ႔ ေခြးအ အေကာင္ေပါက္ေလး ေတာ္ေတာ္မ်ားမ်ားကို Golden Retriever ေခြးမႀကီး တစ္ေကာင္က တာဝန္ယူ ႏို႔တိုက္ေပးေနပါတယ္။ အဲဒီကေနတဆင့္ ေခြးမႀကီးရဲ႕ သားေပါက္ေလးေတြနဲ႔ပါ အခ်င္းခ်င္း ရင္းႏွီး ခင္မင္ကုန္ၾကတာ ျဖစ္ပါတယ္။

ေခြးမႀကီးက တာဝန္ယူ ႏို႔တိုက္ေနတာ ဆိုက္ေဘးရီးယား က်ားေပါက္ေလးႏွစ္ေကာင္၊ က်ားျဖဴတစ္ေကာင္၊ ေခြးအေလးႏွစ္ေကာင္နဲ႔ အာဖရိက ျခေသၤ့တစ္ေကာင္တို႔ ျဖစ္ပါတယ္။ အဲဒီ တိရစာၦန္ေလးေတြရဲ႕ မိခင္ရင္းေတြက ကေလးေတြကို ႏို႔မတိုက္တာေၾကာင့္ ေခြးမႀကီးက ႏို႔တိုက္မိခင္အျဖစ္ အစားထိုး တာဝန္ယူခဲ့တာလုိ႔ တိရစာၦန္႐ံု တာဝန္ရွိသူေတြက ရွင္းျပပါတယ္။

အေကာင္ေပါက္ေလးေတြ ဘဝမွာ ဒီတိရစာၦန္ေတြနဲ႔ ေခြးငယ္ေလးေတြဟာ လံုးလံုးေထြးေထြး ေနထုိင္ၾကၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေဆာ့ကစားေနၾကပါတယ္။

ဒါေပမဲ့ သံုးလသား အရြယ္ေရာက္ရင္ေတာ့ သဘာဝအတိုင္း ျပန္လည္ ခြဲျခားသြားမယ္လုိ႔ ဆိုပါတယ္။ အဲဒီတိရစာၦန္႐ံုဟာ မိဘေတြက စြန္႔ခြာသြားတဲ့ တျခား တိရစာၦန္ငယ္ တခ်ိဳ႕ကိုလည္း ထိန္းသိမ္း ေစာင့္ေရွာက္ထားတယ္လုိ႔ သိရပါတယ္။

Unicode

တရုတ် တိရစ္ဆာန်ရုံ မှာ ကျား၊ ခွေးအ၊ ခြင်္သေ့နဲ့ ခွေးလေးတွေ အတူတွဲ နေထိုင်

သြဂုတ် - ၃၁ ၊၂၀၁၈

တရုတ်နိုင်ငံက တိရစ္ဆာန်ရုံ တစ်ခုမှာ ကျား၊ ခြင်္သေ့၊ ခွေးအ အကောင်ပေါက်လေးတွေနဲ့ ခွေးလေးတွေကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကို လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေ သဘောကျနေကြပါတယ်။

ဘေဂျင်း သားရိုင်းဥယျာဉ် တိရစ္ဆာန်ရုံမှာ ရှိနေတဲ့ ကျား၊ ခြင်္သေ့နဲ့ ခွေးအ အကောင်ပေါက်လေး တော်တော်များများကို Golden Retriever ခွေးမကြီး တစ်ကောင်က တာဝန်ယူ နို့တိုက်ပေးနေပါတယ်။ အဲဒီကနေတဆင့် ခွေးမကြီးရဲ့ သားပေါက်လေးတွေနဲ့ပါ အချင်းချင်း ရင်းနှီး ခင်မင်ကုန်ကြတာ ဖြစ်ပါတယ်။

ခွေးမကြီးက တာဝန်ယူ နို့တိုက်နေတာ ဆိုက်ဘေးရီးယား ကျားပေါက်လေးနှစ်ကောင်၊ ကျားဖြူတစ်ကောင်၊ ခွေးအလေးနှစ်ကောင်နဲ့ အာဖရိက ခြင်္သေ့တစ်ကောင်တို့ ဖြစ်ပါတယ်။ အဲဒီ တိရစ္ဆာန်လေးတွေရဲ့ မိခင်ရင်းတွေက ကလေးတွေကို နို့မတိုက်တာကြောင့် ခွေးမကြီးက နို့တိုက်မိခင်အဖြစ် အစားထိုး တာဝန်ယူခဲ့တာလို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

အကောင်ပေါက်လေးတွေ ဘဝမှာ ဒီတိရစ္ဆာန်တွေနဲ့ ခွေးငယ်လေးတွေဟာ လုံးလုံးထွေးထွေး နေထိုင်ကြပြီး ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြပါတယ်။

ဒါပေမဲ့ သုံးလသား အရွယ်ရောက်ရင်တော့ သဘာဝအတိုင်း ပြန်လည် ခွဲခြားသွားမယ်လို့ ဆိုပါတယ်။ အဲဒီတိရစ္ဆာန်ရုံဟာ မိဘတွေက စွန့်ခွာသွားတဲ့ တခြား တိရစ္ဆာန်ငယ် တချို့ကိုလည်း ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

Recommended