ဆေးရုံတက်နေရတဲ့ ဝ ခေါင်းဆောင်နှစ်ဦးအပါအဝင်မြောက်ပိုင်း ၇ ဖွဲ့ နေပြည်တော်ကနေ ဒီနေ့ပြန်မယ်ဇူလိုင် - ၁၄ ၊၂၀၁၈နေပြည်တော်မှာ ဆေးရုံတက်နေရတဲ့ ဝ ခေါင်းဆောင်နှစ်ဦ
  • 6 years ago
ဆေးရုံတက်နေရတဲ့ ဝ ခေါင်းဆောင်နှစ်ဦးအပါအဝင်မြောက်ပိုင်း ၇ ဖွဲ့ နေပြည်တော်ကနေ ဒီနေ့ပြန်မယ်

ဇူလိုင် - ၁၄ ၊၂၀၁၈

နေပြည်တော်မှာ ဆေးရုံတက်နေရတဲ့ ဝ ခေါင်းဆောင်နှစ်ဦးအပါအဝင် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် ၇ ဖွဲ့ဟာ ဒီကနေ့ နေပြည်တော်က နေ ပြန်လည်ထွက်ခွာမယ်လို့ သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးဆီက သိရပါတယ်။

၇ ဖွဲ့ထဲက မိုင်းလားအဖွဲ့ (NDAA) ကတော့ ပုဂံကို ဘုရားဖူးသွားမှာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေ က ဒီကနေ့ညနေပိုင်း ၃ နာရီမှာ လေယာဉ်နဲ့ ပြန်ကြမှာဖြစ်တယ်လို့ ဦးဇော်ဌေးက
ပြောပ်ါတယ်။

ရုပ်သံသတင်းထောက် - စိုးရ
Recommended